ကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ငါးခုမြောက်ဖြစ်သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရင်းမှ ဖယ်ခွာပြီးလျှင် ခြောက်ခုမြောက်ဖြစ်သော မဟာဗောဓိပင်၏ အရှေ့တောင်ထောင့်အရပ်ဖြစ်သော နေရာ၌ ရှိသည့်
မုစလိန္ဒာရေအိုင်ကြီးအနီး၌ ရှိသော ကျည်းပင်ရင်းသို့ကြွရောက်သီတင်းသုံးတော်မူလေသည်။ထိုအခါ၌ အချိန်ခါမဟုတ်သော်လည်း မိုးကြီးက အားပါးတရ မည်သူ့ကိုမှ မငဲ့ကွက် မညှာတာပါပဲလျှက် ခုနစ်ရက် တိုင်တိုင် ရွာသွန်းဖြိုးလေသည်။
ဤ ကဲ့သို့ အချိန်ခါမဟုတ်ပဲ ရွာသွန်းဖြိုးသော မိုးတို့သည်ကား အတိတ်နိမိတ်ကို ဖေါ်ဆောင်သောအခါ၎င်း ၊ လူ သာမန်တို့ထက်မြတ်သည့် လူသားဖြစ်သော စင်္ကြာမင်းလောင်း ပေါ်ထွန်းလာသောအခါ ၎င်း ၊ ဘုရားအလောင်းတော်သည် ကျင့်ကြံအားထုပ်ပြီးနောက် ဘုရားဖြစ်သော အခါ၌ ၎င်း စသည်ဖြင့် ဤ အခါနှစ်ပါး၌ သာ ရွာသွန်းဖြိုးသော မိုးဖြစ်သည်။
ထိုကဲ့သို့ အချိန်ခါမဟုတ်ပဲ ရွားသွန်းဖြိုးသော မိုးကြောင့် ထိုအနီးနား၌ နေထိုင်သော မုစလိန္ဒာနဂါးမင်းကြီးသည် မြတ်စွာဘုရားရှင်အား မိမိ၏ အေ ခွဖြင့် ရစ်ပတ် အုပ်မိုးကာဖြင့် ခုနစ်ရက် ပတ်လုံး ကာပေးထားခြင်းများဖြင့် ပြင်းထန်စွာရွာသွန်းနေသော မိုးသီးပေါက်များကို အပေါ်မှ ပါးပျဉ်းဖြင့် အုပ်မိုး၍ ပူဇော်လေသည်။
ခုနစ်ရက်ပြည့်သောအခါ မိုးလေကင်းစင်၍ နဂါးမင်းသည် လူယောင်ဖန်ဆင်းလျက် မြတ်စွာဘုရား၏ ရှေတော်၌ လက်အုပ်ချီမိုး ရှိခိုးပြီးနေလေသည်။ ထို အခါ မြတ်စွာဘုရား ရှင်သည် မိမိအေ ပါ်၌ ကျေးဇူးပြုဖူးလေသော နဂါးမင်းကြီးအား ကျေးဇူးဆပ်သည့်အနြေ ဖင့် သုခေါဝိဝေကာ တုဋ္ဌသ စသော ဥဒါန်းစကားများဖြင့် ဟောကြားချီမြှင့်ခဲ့လေသည်။
(ကျေးဇူးရှိဖူးသူကို ကျေးဇူးပြနဆပ်ရခြင်းသည် မင်္ဂလာဖြစ်သည်)နဂါးမင်းကြီးသည်လည်း မြတ်စွာဘုရားရှင်၏ တရားစကားတော်ကို နာကြားရပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်သွားလေတော့သည်။